မူဆယ်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သကြားဖြူတန်ချိန် နှစ်သောင်းနီးပါးတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ၁၅ ရက်တာကာလအတွင်းတစ်ဖက်တရုတ်နိုင်ငံသို့ကန် ဒေါ်လာ ၁၀ ဒသမ ၇၁၄ သန်းတန်ဖိုးရှိသကြားဖြူ ၁၉၂၇၈တန်ကျော် တင်ပို့ ခဲ့ပါ တယ်။ တရုတ်နိုင်ငံတွင် နှစ်ကူးရာသီချိန်နီးသဖြင့် တရုတ်ဝယ်လက်ရှိပြီး မန္တလေး ဈေးကွက်မှသကြားများများစွာတင်ပို့နိုင်တယ်လို့သိရပါတယ်။  လက်ရှိမူဆယ်မြို့သို့နေ့စဉ်သကြားအိတ်ရေ ၅၀၀၀၀ ခန့် ပြည်တွင်းမှ ဝင်ရောက် နေတယ်လို့သိရပြီး လက်လီသကြားဈေးကတော့ တစ်ပိဿာလျှင် ၁၄၀၀ ကျပ်ဈေးရှိတယ်လို့ ဘုရင့် နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။                                             

MIRT