မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငွေချည်-၆ ဝါ ပြန်လည်တင်ပို့

ဇန်နဝါရီလပထမပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၄၂၇၅၀ တန်ဖိုးရှိ ငွေချည်-၆ ဝါဂွမ်း ၂၅၇ တန် ကျော်တင် ပို့ခဲ့ပါ တယ်။အောက်တို ဘာ လက ဝါဂွမ်း ၁၅ တန် နောက်ဆုံးတင်ပို့ခဲ့ပြီး ယခု ပြန်လည်တင်ပို့ခဲ့တာ  ဖြစ်ပါတယ်။ ယခင်က ဝါဂွမ်း တစ်တန်ရဲ့ လိုင်စင်ဈေးဟာ ၂၂၀၀ဒေါ်လာဖြစ်ပြီးယခုပြန်လည်တင်ပို့တဲ့  အချိန် မှာတော့တစ်တန်ကို ၂၅၀၀ ဒေါ်လာရှိတယ်လို့သိရပါတယ်။ငွေချည်-၆ ဝါ စိုက်ပျိုးမှုကို တောင်တွင်းကြီး၊ပျော်ဘွယ်၊ ရမည်းသင်း၊ စလေ၊ ချောက်၊ အောင်လံ၊ ပေါင်းတည်နဲ့ ဝက်ထီး ကန်ဒေသ များမှာ အများဆုံးစိုက်ပျိုးကြပြီးတရုတ်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်းသိရ ပါတယ်။
မော်မော်အောင်