ဝဥခြောက် ပိုမိုတင်ပို့

ဝဥသည် သွေးတိုး၊ဆီးချို၊နှလုံးရောဂါ၊အူမကြီးရောဂါ၊အဝလွန်ရောဂါတွေကို တိုက်ဖျက်ကာကွယ်ပေး ပါတယ်။ ယနေ့ခေတ်အချိန်အခါတွင် ပူပြင်းခြောက်သွေ့ တဲ့ဒေသတွေကလွဲပြီး စိုက်ပျိုးအောင်မြင်နိုင်တယ်လို့ သိရပါတယ်။မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက် ဆုံးပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၉၈ တန်ခွဲထိ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်က တန် ၆၀ သာတင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်ရဲ့ ဝဥ ပိုမိုတင်ပို့လာတယ်လို့ ဆိုရပါမယ်။  ဒီဇင်ဘာလတစ်လလုံး မူဆယ်မှ တရုတ်ပြည်သို့ ဝဥခြောက် ၂၈၈ တန်ခွဲတင်ပို့ခဲ့ပါတယ်။မြေဆီမြေနှစ်ကောင်းလျှင် ကောင်းသလို တစ်ပိဿာမှ ၁၃ ပိဿာအထိ ထွက်ရှိတယ်လို့ သိရပါတယ်။  

 
မော်မော်အောင်