မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးဆန်တန် ၆၀ ကျော်တင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ဆီးဆန် တန် ၆၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၂၃၅၀၀၀ ဖိုးတင် ပို့နိုင် ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးဆန် ၁၉ တန်ကျော်တင်ပို့ခဲ့တာကြောင့် ယခုသီတင်းပတ်မှာ တန် ၄၀ ကျော် ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ စစ်တွေ ကုန်သွယ်ရေးစခန်းကတော့ ယခုသီတင်းပတ်တွင် ဆီးဆန်တင်ပို့မှု မရှိသော်လည်း ဆီးဖတ် ၇၇ တန် တန်ဖိုးကန်ဒေါ်လာ ၈၇၈၆ ဖိုးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ် ။
တင်တင်ထွန်း