မှန်လုံယာဉ် အံဝှက်အတွင်း သိုဝှက်တင်ဆောင်လာတဲ့ အရက်နဲ့ ဘီယာများအား လရ-၂ အဖွဲ့မှ စစ်ဆေးတွေ့ရှိ

     မြဝတီ-ရန်ကုန်လမ်းကြောင်း ပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိတဲ့ Mobile Team လရ-၂အဖွဲ့သည် သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန် -ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ပြည့် အားမာန်  ခရီးသည်တင်မှန်လုံယာဉ် အမှတ် 9B/xxxx  ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ  ခရီးသည်၊ ခရီးသွား များအသွင်သဏ္ဌာန်မတူခြင်း၊ ခရီးသည် ပစ္စည်းတင် တန်းပေါ်တွင် ခရီးေ ဆာင် အိတ်များ တင်ဆောင်လာခြင်းမရှိဘဲ ရှင်းလင်းနေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် အသေးစိတ်ဖွင့်ဖောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
     ယာဉ်အား အသေးစိတ်စစ်ဆေးရာ မှန်လုံယာဉ်ရဲ့ ခရီးသည်လျှောက်လမ်းနဲ့ ထိုင်ခုံအောက်၊ နောက်ဆုံး ခုံတန်းရှည်အောင်၊ Emerency Exit  ပေါက်၊ Toll Box များအား အံဝှက်များ ပြုလုပ်ထားပြီး ၎င်းင်းအံဝှက်များအတွင်းမှ တရားမဝင်သိုဝှက်တင်ဆောင်လာတဲ့ နိုင်ငံခြားဖြစ်အရက်မျိုးစုံနဲ့ ဘီယာများကို ခန့်မှန်းတန်ဖိုး ကျပ် ၁၅၈ သိန်းဖိုးအား စစ်ဆေးတွေ့ရှိခဲ့ပါတယ်။စစ်ဆေးတွေ့ရှိအရက်မျိုးစုံနဲ့  ဘီယာများမှာBallantines(1 Lit) Blended Scoth Whis -ky (228)U,Ballantines(1 Lit)Blended Scoth Whisky Finet(240)U, J&B(0.75 Lit) Blended  Scoth Whisky (12)U, Soju(korea)(114)Pkg& Singha Beer(69)Pkg ဖြစ်ပြီး အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းနိုင် တယ်လို့ သိရပါတယ်။

 

MIRT