မူဆယ်စခန်းတစ်ခုတည်းမှသာ ပြောင်းတင်ပို့

     ဇူလိုင်လ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တစ်ခုတည်းမှသာ ကန်ဒေါ်လာ ၃ ဒသမ ၈၀၁ သန်း တန်ဖိုး ရှိတဲ့ ပြောင်းဖူးစေ့ ၁၂၆၇၀ တန်သာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ယခင်ရက်သတ္တပတ် က မူဆယ်မှ ၁၉၂၄၀ တန်၊ လွယ်ဂျယ်မှ တန် ၂၀၀၀ နဲ့ ကန် ပိုက်တီးမှ ၅ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် ပြောင်းတင်ပို့မှု ၈၅၇၅ တန်ကျော်လျော့နည်းသွားပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းတစ် တန်ကို ယခင်တစ်ပတ်က ၂၇၅၀၂၁ ကျပ် ရှိရာမှ ယခုတစ်ပတ်တွင် ၃၇၄၈၀၄ ကျပ်သို့ ဈေးပြန်လည်မြင့်တက်လာတာ တွေ့ရပါတယ်။ နေရာအနှံ့ မိုးဆက် တိုက်ရွာသွန်းမှုကြောင့် ပြောင်းသီးနှံကို တရုတ်ဘက်မှ ဝယ်လိုအား ပုံမှန် ရှိပေမယ့် ကုန်သည်များက ဈေးကွက်သို့ ဝင်ရောက်လာမှုနည်းတာကြောင့် အေ ရာင်းအဝယ် ပမာဏလည်းနည်းခဲ့ရတာလို့ သိရပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတစ်လလုံး တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် ၆၁၈၃၃ တန်ခွဲ တင်ပို့နိုင်ခဲ့တယ်လို့ ကုန်စည်ဒိုင်များမှ သတင်းရရှိပါတယ်။