Expressယာဉ်သုံးစီးပေါ်မှ Portable ၊ ရေဒီယိုများ အပါအဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သိမ်းဆည်းရမိ

ကုန်သွယ်ရေးဦးစီးဌာန မူဆယ် စခန်းထုတ်နုတ်အင်အားMobile Team  အဖွဲ့သည် ဇူလိုင်လ ၁ ရက်နေ့ ၁ရး၃၀ ချိန်တွင် အေးရှားဝေါလ်တိုးဂိတ် အနီးပြည်ထောင်စုလမ်းမကြီးပေါ် တွင် ရတနာစိုး Express  ယာဉ်ပေါ်မှ တရား မဝင်တင်ဆောင်လာတဲ့ Portable၃၅ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။ အလားတူယင်းနေ့ ၁ရး၃၅ ချိန် တွင်  ရတနာ ထွန်း Express  ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့  Por-table ၁၅ လုံး၊    ဓာတ်ပုံ ဆလိုက်မီး ၆လုံး ၊   Car Hand Stand (စလခ) ခုတို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ ယင်းနေ့ ၁ရး၄၀ ချိန်တွင်လည်း အဆို ပါနေရာမှာပင် ရှမ်းမင်းသား Express  ယာဉ်ပေါ်မှ တရားမဝင် တင်ဆောင် လာတဲ့ ရေဒီယိုအလုံး၁၉၀ ကိုလည်း စစ်ဆေးတွေ့ရှိ  သိမ်းဆည်းနိုင်ခဲ့ပါ တယ်။  အဆိုပါ   ယာဉ်သုံးစီးပေါ်မှ အကောက်ခွန်မဲ့ ပစ္စည်းများရဲ့ခန့်မှန်းတန်ဖိုးမှာကျပ်ဆယ်သိန်း ရှစ်သောင်းငါးထောင်ဖိုးခန့်ဖြစ်ပြီး လုပ်ထုံးလုပ် နည်းနဲ့အညီ အရေးယူဆောင်ရွက်ပြီး ဖြစ်ပါတယ်။        
MIRT