ဈေးများတွင် လိုင်စင်မဲ့အသားများ ရောင်းချမှုရှိ^မရှိ ရှောင်တခင်စစ်ဆေးတော့မည်

ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ် အတွင်း ရှိ ဈေးများတါင် လိုင်စင်မဲ့အသားများ၊ ကျန်းမာရေးနဲ့ ညီ ညွတ်မှုမရှိသောအသားများ ရောင်းချမှုများကို ရှောင် တခင်  စစ်ဆေး မှု များ ပြုလုပ်သွားတော့မယ်လို့ သတင်း ရရှိပါတယ်။ရှောင်တခင်စစ်ဆေးမှုကို ဘယ်နေ့စစ်မယ် ဆိုတာတော့ ကြိုတင်မပြောနိုင်ဘဲ မြို့စွန်မှာရှိတဲ့ ဈေး များကို ဦးစားပေးစစ်ဆေးသွား မှာဖြစ်ပါတယ်။ မြို့တွင်း မြို့နယ်ကြီးများမှ ဈေးများကိုလည်း ဆက်စစ်ဆေးမှာ ဖြစ်ပြီး ယခုလတ်တလောမှာလည်း ပုံမှန်စစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိပါတယ်။ယခု အခါ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်တဲ့ အတွက် အိမ်နီးချင်းနယ်စပ် တစ်ဖက်နိုင်ငံများမှ အေးခဲ အသားများကို တရားမဝင်  တင်သွင်းနေတာကြောင်Mobile Team များက တားဆီးစစ်ဆေးမှုများ လုပ်ဆောင် လျက်ရှိပါတယ်။ထိုအေးခဲအသားများ ဝင်ရောက်လာတဲ့ အတွက် ဇီဝလုံခြုံမှုကို ထိခိုက်လာနိုင်ရာ ထိုကဲ့သို့ အေးခဲ အသားများ ဝင်ရောက်မှုကို ထိန်းချုပ်ပေးရန် မန္တလေးမြို့ ရှိ  မွေးမြူရေးလုပ်ငန်းရှင်များက ပြောကြားခဲ့ပါတယ်။ယခု ရန်ကုန်တိုင်းဒေသကြီး  မြို့တော်စည်ပင် သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနဲ့ သားသတ်ရုံ များဌာနက  ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ ဈေး တွေမှာ လိုင်စင်မဲ့အမဲသားရောင်းချမှုများ၊ ကျန်းမာရေး နဲ့ ညီညွတ်မှုမရှိသော အသားရောင်းချမှုကို ရှောင်တခင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် အတွင်းရှိ ဈေးများမှ လိုင်စင်မဲ့အသားပိဿာချိန် ၈၀၀၀ကျော်ကို ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့တော် အတွင်းရှိ ဈေးများမှ သိမ်းဆည်းရမိခဲ့ပြီး အများစုမှာ အမဲသားများ ဖြစ် တယ်လို့ သိရပါတယ်။
တိမ်ကင်းစင်