သံမဏိတင်သွင်းမှုအပေါ် သွင်းကုန်ခွန် တစ်ပတ်အတွင်း တိုးမြှင့်ကောက်ခံရန် အိန္ဒိယနိုင်ငံဆုံးဖြတ်

သံမဏိတင်သွင်းမှုအပေါ် သွင်း ကုန်ခွန်များကို တစ်ပတ်အတွင်း  တိုးမြှင့် ကောက်ခံရန် အိန္ဒိယနိုင်ငံ အကြီးစား စက်မှုလုပ်ငန်းများနဲ့   ပြည်သူပိုင်လုပ် ငန်းများဝန်ကြီးဌာန   ဝန်ကြီး Anant Geete    က ပြောကြား လိုက်ပါတယ်။  ထိုကဲ့သို့  တိုးမြှင့်စည်းကြပ်ရန် ဆုံးဖြတ်ရခြင်းမှာ ပြည်တွင်းထုတ်လုပ် သူများအား ပြည်ပနိုင်ငံများ   ဥပမာ အားဖြင့် တရုတ်၊ ရုရှားတို့မှ တင်သွင်း ခြင်းကို ကာကွယ်ပေးရန် ဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ပြည်ပမှ သံမဏိအများအပြား  တင်သွင်းခြင်းကို ဟန့်တားတဲ့အနေနဲ့ အစိုးရက သံပြားတင်သွင်းခြင်းအပေါ် ၇ ဒသမ ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း၊  သံချောင်းလုံး တင်သွင်းခြင်းကို ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ သွင်းကုန် ခွန်များကိုအသီးသီး မြှင့်တင်ထား ပြီးဖြစ်ပါတယ်။ပြည်တွင်းမှသံမဏိကုမ္ပဏီများ ဖြစ်တTa Ta Steel Co., JSW Steel  Ltd  နဲ့ Kalyani Steels Ltd  ိ   ကဲ့သို့သော ကုမ္ပဏီအများ အပြားဟာ ပြည်ပမှ သံမဏိတင်သွင်းမှု များပြားလွန်းတဲ့ အတွက် အမြတ်အစွန်း နည်းနေတယ် လို့ သိရပါတယ်။အကြီးစား  စက်မှုလုပ်ငန်းများ ဝန်ကြီးဌာနဝန်ကြီးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးတို့တွေ့ဆုံပြီး ပြည်ပမှ အိန္ဒိယသို့ တင်သွင်းတဲ့ သံမဏိရဲ့  အရည်အသွေးကို  စစ်ဆေး ဖို့လိုအပ်ကြောင်းပြောကြားသွားမယ် လို့ မွမ်ဘိုင်းမှာပြုလုပ်တဲ့ စက်မှု လုပ်ငန်းများ ကွန်ဖရင့်မှာ မီဒီယာတွေ ကိုပြောကြားခဲ့ပါတယ်။
CMK