ဂျူတီဓါတ်မြေသြဇာနဲ့ရောနှောသယ်ဆောင်လာတဲ့ ဆိုင်ကယ်လေးစီး စစ်ဆေးတွေ့ရှိ

    မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ လရ-၁ အဖွဲ့သည် အေးရှားဝေါလ်တိုးဂိတ်အနီး ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ် မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မေလ ၁၇ ရက် ၁၁း၀၀ ချိန်ခန့်မှာ မူဆယ်မှ မန္တလေးသို့ ဦးတည်သွားနေသော 7H/xxxx ယာဉ်အားစစ်ဆေးခဲ့ရာမှာ ဂျူတီနဲ့ သယ်ဆောင်လာသော ဓါတ်မြေသြဇာအပြင် မော်တော်ဆိုင်ကယ် (၄) စီးကို  တရားမဝင်သယ်ဆောင်လာမှုခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ရှေ့ပြေးသတင်းများအရသိရှိခဲ့ရ ပါတယ်။

   အလားတူ မေလ ၁၈ ရက် ၀၄း၃၀ ချိန်ခန့်မှာလည်း မန္တလေးမှ မူဆယ်သို့ ဦးတည်မောင်းနှင်တဲ့ 1G/xxxx (Soarer) ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းလို့ယူဆရ တဲ့ ကျောက်တုံးများကို ရှာဖွေတွေ့ရှိခဲ့ရသော်လည်း ယာဉ်မောင်းဟာ ယာဉ်နဲ့ကျောက်တုံးများကိုထားရှိပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ အတွက် ကျောက်တုံးများနဲ့ မော်တော် ယာဉ်အား ထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။

MIRT