စစ်တွေကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချော ၅၀၄ တန်တင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းက ဧပြီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်း လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချော ၅၀၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၈၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်း ဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုသီတင်းပတ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၂၉၁ သန်းလျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ  ရေထွက်ကုန် ပစ္စည်းများတင်ပို့မှုမရှိခဲ့တဲ့အတွက် တင်ပို့မှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။

   ယခုသီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကတော့ ဆီးသီးခြောက် ၂၁၈ တန်၊ နနွင်းတက် ၉ တန်၊ မန်ကျည်းဖတ် (အစေ့ပါ) ၂၄၂ တန်နဲ့မန်ကျည်းဖတ် ၁၁ တန်တို့ဖြစ်ကြပါတယ်။ စက်မှုကုန်ချောပစ္စည်းများ ဖြစ်တဲ့ ဆီးယိုထုပ် ၂၄ တန်ကိုလည်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

တင်တင်ထွန်း (MIRT)