ကျိန်စမ်းကျော့ ရှောင်ကွင်းလမ်းမှာ အကောက်ခွန်မဲ့စုပုံထားတဲ့ ဆန်၊ မီးသွေးနဲ့ ပြောင်းအိတ်များသိမ်းဆည်းရမိ

   ကုန်သွယ်ရေးဦးစီးဌာန မူဆယ်စခန်းထုတ်နုတ်အင်အား Mobile Team  အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ ၀၈း၃၀ ချိန်တွင် ကုန်သွယ်ရေး ဇုန်အလွန် ရှောင်ကွင်းလမ်း ကျိန်စမ်းကျော့လမ်း တွင် အကောက်ခွန်မဲ့ စုပုံထားတဲ့ ဆန် ၄၃ အိတ်၊ မီးသွေး ၃၅ အိတ်နဲ့ ထင်းရှူးဆီ (255 kg) ၁၁  အိတ်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ ယင်းနေ့ ၀၉း၀၀ ချိန် တွင်လည်း ကုန်သွယ်ရေးဇုန်အလွန် ရှောင်ကွင်းလမ်း (အောက်တုံခန်ရွာအနီး) တွင် အကောက်ခွန်မဲ့စုပုံထားတဲ့ ပြောင်းအိတ် ၆၀ ခန့်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ သိမ်းဆည်းရမိအကောက်ခွန်မဲ့ပစ္စည်းများကို မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့  အဖွဲ့စုံဖြင့်လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။

MIRT