ပြည်ပဲလွန်းဖြူ ဈေးကောင်းရသော်လည်း အဝယ်ပါးနေခဲ့

   ပြည်ပဲဈေးကွက်မှာ ယခုတစ်ပတ် ပဲလွန်းဖြူဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ် ဖြင့် ယခင်လကထက် ဈေးကောင်းရလာသော်လည်း အရောင်းအဝယ်ပါးနေခဲ့တယ်လို့သိရပါ တယ်။ ပဲလွန်းဖြူသီးနှံမှာ  ပဲခူးတိုင်းအနောက်ခြမ်းအတွင်း စိုက်ဧက ၂ သောင်းကျော်သာစိုက်ပျိုးပြီးထွက်ရှိလာတဲ့ ပဲများကိုလည်း ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်မှုများခဲ့ တာကိုတွေ့ရပါတယ်။ ဇန်နဝါရီလဆန်း ပဲသစ်ပေါ်စတွင် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့်ဈေးစဖွင့်ပြီး ပဲအထွက်လှိုင်လာသည့် ရာသီတွင်လည်း ပဲဈေးမှာ တဖြည်းဖြည်းမြင့် တက် လာခဲ့ကာ ယခု ပဲလက်ကျန်နည်းသွားသည့်အချိန်တွင်လည်း တစ်တင်း ၂၁၀၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ဝယ်လက်ကတော့ ဒေသအတွင်းရှိ လက်လီသမားများသာဖြစ် တယ်လို့သိရပါ တယ်။

ခင်ဆွေဝင်း-ပြည်