ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်တို့မှ မတ်လအတွင်းရေထွက်ကုန်ပစ္စည်းများတင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့ သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လအတွင်း ပင်လယ်ငါးရှဉ့် ၁၃ တန်နီးပါး တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၄ သန်းနဲ့ ရေဘဝဲ ၅ တန် ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတင်ပို့နိုင်ခဲ့သလို ကန်ဒေါ်လာ ၃ ဒသမ ၄၀၃ သန်းတန်ဖိုးရှိ ကျန်ရေ ထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၄၀၀၉ တန်ကျော်၊ ကင်းမွန်  ၈၉ တန်ကျော်၊ ပုစွန် ၁၇ တန်ကျော်၊ ကဏန်း  ၁တန်နဲ့ ခရုအနည်းငယ် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

  အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း မတ်လအတွင်းကန်ဒေါ်လာ သုည ဒသမ ၇၀၆ သန်း တန်ဖိုးရှိ ကဏန်းမျိုးစုံဖြစ်သော ကဏန်းပျော့ ၆၅ တန်၊ ကဏန်းသေးအသေ ၅ တန်နီးပါး၊ သဲကဏန်း တန်၃၀ ကျော်နဲ့ ကဏန်းနီ ၃၅ တန်ကျော်တင်ပို့နိုင်ခဲ့သလို ကျန်ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၅၄၇ တန်ကျော်၊ ငါးမှုန့်တန် ၉၈၀၊ ရေငန်ပုစွန် ၁၅၇ တန်ကျော်၊ ပုစွန်ခြောက် ၁၀ တန်ကျော် ငါးခြောက် ၄ တန်ကျော် ၊ ကင်းမွန် ၉ တန်နီးပါးနဲ့ ကင်းမွန်ပြုတ်ခြောက် အနည်းငယ်တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။

ခင်မြနွယ် MIRT(DCCA)