စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနဝန်ကြီး တမူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ခံများအားလာရောက်တွေ့ဆုံ

   စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိန်မောင်းသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တမူးရုံးသို့ရောက်ရှိလာပြီး အစည်း အဝေးခန်းမတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ သမဝါယမဌာန၊ ပညာရေးဌာန၊ စီမံကိန်းဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဌာနတို့မှ တာဝန်ခံများနဲ့ မတ်လ ၁၇ ရက် ၁ရး၃၀ ချိန်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

   တွေ့ဆုံပွဲမှာ ဝန်ကြီးကကုန်သွယ်မှုတိုးတက်လာတဲ့အခြေအနေများ၊ ITC ကတ်နဲ့လုပ်ငန်းဆောင်ရွက်နိုင်မှု၊ လုပ်ငန်းအခက်အခဲများ၊ ထပ်မံတိုးတက်၍ဆောင်ရွက်ရန်များနဲ့ သက်ဆိုင်တဲ့ မေးမြန်းချက်ကို တမူးကူးသန်းရောင်းဝယ်ရေးစခန်း တာဝန်ခံက ဘဏ္ဍာနှစ်အလိုက် တိုးတက်ဆောင်ရွက်နိုင်မှုများ၊ ယခင် ဘဏ္ဍာနှစ်လျာထားချက်ကို ဆောင် ရွက်နိုင်မှုများ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လျာထားချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင်မှု၊ မတ်လလျာထားချက်ကို ဆောင်ရွက်နိုင်မှု၊ ပို့ကုန်ကွမ်းသီးများ ယခင်နှစ်ထက် ပိုမိုတင်ပို့နိုင်မှု၊ သွင်းကုန်မော်တော် ဆိုင်ကယ်ပိုမိုတင်သွင်းလာမှု ၊ ဒေသအာဏာ ပိုင်များရဲ့ ကုန်သွယ်မှုလုပ်ငန်းများအပေါ် ပံ့ပိုးဆောင်ရွက်ပေးမှုများ၊ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကုန်ပစ္စည်းများအပေါ်မူတည်၍ ကုန်စည်ဒိုင်နဲ့ ယာယီသိုလှောင်ရုံများ ခွင့်ပြုပေးနိုင်ရေး၊ မိုရေး-အင်ဖာကုန်သွယ်မှုလမ်းကြောင်းအား လျှင်မြန်ချောမွေ့စေရေး၊ နှစ်နိုင်ငံကုန်ပစ္စည်းများ ဈေးနှုန်းအမှန်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ လူဝင်လူထွက်ကို  BORDER PASS / TEMPORARY BORDER PASS (BP/TBP) စနစ်နဲ့ခွင့်ပြု ဆောင်ရွက်နိုင်ရေး၊တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်အောင် Mobile Team အဖွဲ့များ၊ စစ်ဆေးရေးဂိတ်များနဲ့ တားဆီးဆောင်ရွက်မှုများ၊ ITC ကတ်နဲ့ ယာဉ်ငယ်များ ကုန်သွယ်မှုဆောင်ရွက်နေမှုများကိုတင်ပြဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီး တစ်ဖက်နိုင်ငံ Land Customs  ဂိုဒေါင်များ ထပ်မံ တိုးချဲ့ဆောင်ရွက်ရန်ကိစ္စ၊ OSS အဖွဲ့နဲ့ FDA ဌာနအား မိုရေးမြို့မှာ စီစဉ်ဆောင်ရွက်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ရာ တစ်ဖက်နိုင်ငံလိုအပ်ချက်များအား နှစ်ဖက်ဆွေးနွေးပွဲများ မှာ ထည့်သွင်းဆွေးနွေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနဲ့ ခရိုင်၊ မြို့နယ်ဒေသအာဏာပိုင်များအား ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးကြရန်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါ တယ်။

စိုးနိုင် (တမူး)