ပါဂျဲရိုးယာဉ်ပေါ်က တရားမဝင် အမဲသားခြောက်နဲ့ တမလန်းလို့ယူဆရတဲ့သစ်တုံးများဖမ်းမိ

  တရားမဝင်ပစ္စည်းများတင်ဆောင်လာတဲ့ ယာဉ်နှစ်စီး ရှောင်ကွင်းလမ်းအတွင်းဖြတ်သန်းမောင်းနှင်သွားကြောင်း လာရောက်သတင်းပေးတိုင်ကြားချက်အရ Mobile Team နောင်ချိုအဖွဲ့မှ လိုက်လံပိတ်ဆို့တားဆီးခဲ့ရာ ဂုတ်တွင်းမရောက်မီ ယခင် မူးယစ်ဂိတ်ဟောင်းအနီးမှာ ပါဂျဲရိုးနှစ်စီးအား တားဆီး၍ လရ-၁ ယာယီအခြေပြုရာ သို့ မောင်းနှင်ခေါ်ဆောင်ပြီး အသေးစိတ်စစ်ဆေးခဲ့ပါတယ်။

   ယာဉ်များအား စစ်ဆေးနေစဉ် ယာဉ်မောင်းနှစ်ဦးလုံး ထွက်ပြေးတိမ်း ရှောင်သွားကြသဖြင့် တားဆီးရမိ ပါဂျဲ ရိုးနှစ်စီးနဲ့အတူ ယာဉ်ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ အမဲ သားခြောက်များနဲ့ တမလန်းလို့ ယူဆရသော သစ်တုံး ၂၁ တုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။

   သိမ်းဆည်းရမိပစ္စည်းများကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများနဲ့အညီ အကောက်ခွန်အမှုတွဲများဖွင့်လှစ်ပြီး အမဲသားခြောက်များကို မြို့နယ်စည်ပင်သို့လည်းကောင်း၊ တမ လန်းဟုယူဆရသော သစ်တုံးများကို မြို့နယ်သစ်တောဦးစီးဌာနသို့လည်းကောင်း၊ တရားမဝင်ပစ္စည်းများတင်ဆောင်လာသော ပါဂျဲရိုးယာဉ်နှစ်စီးကို အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံရန် စီစဉ်ထားတယ်လို့သတင်းရရှိပါတယ်။ တမလန်းခွဲသား ၃၅ ချောင်း သုည ဒသမ ၂၃၇၂ တန်ရဲ့ ခန့်မှန်းတန်ဖိုးမှာ ၁၁၈၆၀၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။

DCCA