ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်နိုင်မယ်လို့ ထိုင်းနိုင်ငံချင်းရိုင်ခရိုင်မှတာဝန်ရှိသူများမျှော်မှန်း

  ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ မတ်လပထမပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ''Knowledge for Border Trade'' ဆွေးနွေးပွဲမှာ ထိုင်း-မြန်မာယဉ်ကျေးမှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း (Thai-Myanmar Cultural and Economic Cooperation Association-TMCECA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ချက်သာသာနာဂျာရိုက ထိုင်းမြန်မာ ကုန်သွယ်မှုမြင့်တက်လာလိမ့်မယ်လို့မျှော်မှန်းကြောင်းပြောကြားခဲ့ပါတယ်။

   မြန်မာနဲ့ထိုင်းနှစ်နိုင်ငံရဲ့ အပြန်အလှန်ကုန်သွယ်မှုပမာဏမှာမြင့်တက်နေကြောင်း၊ ထိုင်းနိုင်ငံရဲ့ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs)  မြန်မာနိုင်ငံအတွင်း ထိုးဖောက်ရန် ရင်းနှီးမြှုပ်နှံမှုများ လုံလောက်မှုမရှိသေးသော်လည်း မြန်မာနဲ့ ထိုင်းနိုင်ငံအပြန်အလှန် ကုန်သွယ်မှုပမာဏမှာမူမြင့်တက်နေတယ်လို့ TMCECA  ဥက္ကဋ္ဌကပြော ကြားပါတယ်။

   ဆွေးနွေးပွဲမှာ TMCECA  ချင်းရိုင်ရုံးခွဲ    ဥက္ကဋ္ဌ ပါကိုင်မာဗီရာရာက ထိုင်းနိုင်ငံမယ်ဆိုင်နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တို့ရဲ့ ဆက်သွယ်မှုက သိသိသာသာတိုးတက်လာပြီး နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပိုမိုအဆင်ပြေချောမွေ့နေတယ်လို့ ပြောပါတယ်။ မယ်ဆိုင်နဲ့ တာချီလိတ် ကုန်သွယ်မှုမှာ တိုးတက်ကောင်းမွန်နေသော် လည်း တောင်ကြီးနဲ့  ကုန်သွယ် မှုမှာတော့   အခက်အခဲများရှိနေသေးတယ်လို့ သူကဆက်လက်ပြောကြားပါတယ်။

   ထိုင်း-မြန်မာပူးပေါင်းဆောင်ရွက် ရေးအစီအစဉ်အရ ကျိုင်းတုံမှ တောင်ကြီးသို့ ဆက်သွယ်ရန် ဖောက်လုပ်နေသော R3B လမ်းမကြီးဟာ ထိုင်း-မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအတွက် အကျိုးရှိစေမှာဖြစ်ကြောင်း၊ သို့သော်အဆိုပါဖောက်လုပ်ရေးလုပ်ငန်းနှောင့်နှေးနေမှုကြောင့် ထိုင်းနိုင်ငံရဲ့ကုန်သွယ်မှုအခွင့်အလမ်းများဆုံးရှုံးနေရတယ်လို့ ပါကိုင်မာဗီရာရာက ထပ်မံပြောကြားပါတယ်။ TMCECA  ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီးချက် သာသာနာဂျာရိုက ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရထံသို့ဆက်လက်တင်ပြသွားမှာ ဖြစ်ကြောင်း နဲ့ ခိုင်မာတဲ့ကြိုးပမ်းအားထုတ်မှုရရှိစေရေး ဆောင်ရွက်သွားမယ်လို့ပြောကြားပါတယ်။ တစ်ချိန်တည်းမှာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံအခြေစိုက်ထိုင်းစီးပွားရေးဆိုင်ရာဝန်ကြီး ဘွန်းအင်တီရက်တနာက ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပြုတဲ့ မယ်ဟောင်ခွန်၊ မယ်ဆိုင်၊မဲဆောက်တို့နဲ့ ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ ၄ ဘီလီယံရှိနေပြီဖြစ် ပါတယ်။ TMCECA  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချက်သာသာနာဂျာရို ကလည်း မယ်ဆိုင်နဲ့ ကျိုင်းတုံ၊ တောင်ကြီး ဆက်သွယ်ရေးလမ်းကြောင်းကောင်းမွန်တာနဲ့အမျှ ထိုင်းမြန်မာကုန် သွယ်မှုဟာ တိုးတက်လာနိုင်ကြောင်းနဲ့  ASEAN Economic Community (AEC) အကောင်အထည်ဖော်လာလျင် အခွန်သက်သာခွင့်များရရှိသွားမှာဖြစ်၍ ကုန်သွယ်မှုပိုမို တိုးတက်လာမယ်လို့မျှော် မှန်းကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးနဲ့ ကောင်းမွန်သော ဆက်ဆံရေးများရရှိစေရန် ပိုမို ကြိုးပမ်းလုပ်ဆောင်ပေးသွားမယ်လို့ ''Knowledge for Border Trade'' ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

တိမ်ကင်းစင်