ဖေဖော်ဝါရီလအတွင်း လွယ်ဂျယ်နယ်စပ်မှ ITC ကတ်ဖြင့် ကြိမ်တင်ပို့

   ITC ကတ်နဲ့ လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ နယ်စပ်စခန်းများအနက် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်းမှာ ITC ကတ်တစ်စောင်ထုတ်ပေးနိုင်ခဲ့ပြီး  လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ ကျပ် ၆ သိန်းဖိုးရှိတဲ့ ကြိမ်တစ်တန် တင်ပို့နိုင်တာတွေ့ရပါတယ်။  ယခင်ဇန်နဝါရီလက ဖရဲသီးကီလို  ၁၈၀၀၀ ခန့်တင်ပို့နိုင်ပြီး ဖေဖော်ဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူးအခါသမယဖြစ်တဲ့အတွက်ကြောင့် တင်ပို့မှု လျော့နည်းရခြင်းဖြစ်ပါတယ်။ လွယ်ဂျယ်စခန်းမှ ITC ကတ်ကို စတင်ခွင့်ပြုချိန်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ ITC ကတ်ပြုလုပ်သူ ခြောက်ဦးရှိပြီး ပို့ကုန်တန်ဖိုး ကျပ်သန်းပေါင်း ၆၃၃ ဒသမ ၄၁၃ ခန့် ကုန်သွယ်ပြီးဖြစ်ပါတယ်။

ခင်မိုးသူ MIRT (DCCA)