မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တောစခန်းမှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၃၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၀၀ ကျော်တင်ပို့နိုင်ပါတယ်။ စစ်တွေစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၁ သန်း ဖိုးရှိ  ငါးမြစ်ချင်း ၅၅ တန်၊ ငါးခေါင်းပွ ၁၅ တန်နဲ့ ငါးနီ တူခြောက် ၂ တန် တင်ပို့ခဲ့ပြီး မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၆၃ သန်းဖိုးရှိ ငါးကုန်းညိုခြောက် တန် ၃၀ ၊ ငါးနီတူခြောက် တန်  ၇၀ နဲ့ ငါးစုံ လေးခြောက် ၃၂၈ တန်ကျော်တင်ပို့ခဲ့ပါတယ်။

  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ယခင်ရက်သတ္တပတ်က ရေထွက်ကုန် ၂၀၃ တန်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၉၇ တန်ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ တစ်လလုံးမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၆၆၈ သန်းဖိုးရှိ ရေထွက်ကုန်တန်  ၉၁၀ ကျော်တင်ပို့ထားနိုင်ခဲ့ပါတယ်။

ယဉ်ယဉ်အေး MIRT(DCCA)