မူဆယ်မှ နှမ်းရောင်စုံတင်ပို့

   ဖေဖော်ဝါရီလ တတိယပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၄ သန်းတန်ဖိုး ရှိတဲ့ နှမ်းရောင်စုံ ၁၂၄ တန်ခွဲတင်ပို့ခဲ့ပါတယ်။

  ယခင်သီတင်းပတ်က မူဆယ်မှ ၁၇၇ တန်နဲ့ ချင်းရွှေဟော်မှ တန် ၅၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့  ချင်းရွှေဟော်မှ နှမ်းတင်ပို့မှုမရှိဘဲ မူဆယ်စခန်းတစ်ခုတည်း မှသာ နှမ်းဖြူ တန် ၂၀၊ နှမ်းနက် ၄၉ တန်ကျော်၊ နှမ်းဖြူ  (အခွံချွတ်) ၅၄ တန်ကျော်နဲ့ နှမ်းလှော် ၁ တန်တင်ပို့ခဲ့တာတွေ့ရပါ တယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ် ကဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းဖြူတစ်တန် ၂၀၇၈၁၉၂ ကျပ်နဲ့ နှမ်းနက်တစ်တန် ၂၁၆၁၁၁၁ ကျပ်ရှိပါတယ်။

  မန္တလေး-မူဆယ် ကုန်စည်သယ်ယူခမှာ တရုတ်နှစ်ကူးကာလဖြစ်လို့ ယခင်သီတင်းပတ်က နှမ်းတစ်ပိဿ    ာ ၆၆-၇၆ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၇၂-၇၅ ကျပ်သို့ ကုန်ပစ္စည်း သယ်ပို့ကားခဈေးအနည်းငယ်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်စခန်းမှလည်း ကန်ဒေါ် လာ ၁၂၂၅၃ တန်ဖိုးရှိတဲ့ နှမ်းနက် ၇ တန် ယခု သီတင်းပတ်မှာတင်ပို့ခဲ့ပါတယ်။

မော်မော်အောင် MIRT (DCCA)