လွယ်ဂျယ်နယ်စပ်မှ ဘိုစားပဲသီးတင်ပို့

   မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်တာ သီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ  ၀၁၀ သန်းတန်ဖိုးရှိ ဘိုစား ပဲသီး တန် ၅၀ ကို အမယ်သစ်အဖြစ်စတင်တင်ပို့ခဲ့ပါတယ်။

  ဗန်းမော်ခရိုင် ဝင်းပနေခြည်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမလီမိတက်နဲ့ ယူနန်ပြည်နယ်ပေါက်စမ်းခရိုင်၊ လုံမောက်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်တို့မှ ကချင်ပြည် နယ်အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ဖြင့် အကျိုးတူပူးပေါင်းပြီး အကြောအမျှင်မဲ့တိုင်ထောင်ဘိုစားပဲစိုက်ပျိုးခဲ့ကြပြီး ပိုလျှံဘိုစားပဲသီးတောင့်  (အစို)များအား တစ်ကီလိုလျှင် ၂၀၀ ကျပ်နှုန်းဖြင့် တင်ပို့ခဲ့ပါတယ်။

  ဗန်းမော်မြို့နယ်အတွင်း၌ ဧက  ၁၃၀ ခန့်၊ မိုးမောက်မြို့နယ်အတွင်း ဧက ၄၀ ခန့်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အကြောအမျှင်မဲ့ တိုင်ထောင်ဘိုစားပဲ စိုက်ပျိုး ထားရှိခဲ့တာလို့သိရပါတယ်။

မော်မော်အောင် MIRT (DCCA)