ဆန်အရက်နဲ့ စီးကရက်များကိုသိမ်းဆည်း

   တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း ထုတ်နုတ်အင်အားဖြင့် Mobile Team ဝှေ့ရဲစစ်ဆေးရေးဂိတ်မှ ဦးစီးအရာရှိဦးစီးတဲ့အဖွဲ့သည် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် ရှောင် တခင်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ တာချီလိတ် မိုင်းဆက်လမ်းကြောင်းပေါ်ရှိ စစ်မှုထမ်းဟောင်းကားရေဆေးခုံအနီးတွင် မိုင်းဆတ်သို့ သယ်ယူရန်စုပုံထားတဲ့ တရုတ်နိုင်ငံထုတ် စပါးအရက်နှင့် Blue River စီးကရက်များကို စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

DCCA