အမယ်လွဲတင်ဆောင်လာတဲ့ပစ္စည်းများအားစစ်ဆေးတွေ့ရှိ

   မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ၁၂ ဘီး ဂျူတီယာဉ်ပေါ်မှ Car Rear Signal Back Lamp ဖြင့် ဂျူတီဆောင် ထားသော်လည်း အမယ်လွဲမှားတင်ဆောင်လာတဲ့ Car Head Lamp တို့အား စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အလားတူ ယင်းနေ့ ညနေ ၄နာရီခွဲတွင် ၆ ဘီး ယာဉ်ပေါ်မှ ဂျူတီဆောင် ထားသော်လည်း အမယ်လွှဲတင်ဆောင်လာသော Plastic Aluminium Packing Foil များကို စစ်ဆေးတွေ့ရှိသဖြင့် မူဆယ် Mobile Team အဖွဲ့မှ မူဆယ်မြို့နယ်၊ အကောက်ခွန် ဦးစီးဌာနသို့အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

DCCA