ရှောင်ကွင်းလမ်းမှသယ်ဆောင်ရန် စုပုံထားတဲ့ တရားမဝင်သစ် ကျပ် ၄၆သိန်းကျော်ဖိုး ရှာဖွေတွေ့ရှိ

   စစ်တောင်းတံတားလမ်းဟောင်း/လမ်းသစ်လမ်းဆုံမှ နှစ်မိုင်ခန့်အကွာ ဒိုက်ဦးမဟာဗျူဟာ လမ်းဘေးမှာ Mobile Team အဖွဲ့အား ရှောင်ကွင်းသယ်ဆောင်ရန် တရားမဝင် ကျွန်း သစ်များ စုပုံထားရှိကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့အား စေလွှတ်ရှာဖွေခဲ့ရာမှာ ဖေဖော်ဝါရီလ ၆ ရက်က တရားမဝင် ကျွန်းသစ်ခွဲသား အရွယ်စုံ၊ ပွတ်လုံးတိုင်များ စုစုပေါင်း သုံးတန်အား ပိုင်ရှင်မဲ့စစ်ဆေးတွေ့ရှိခဲ့သဖြင့်သိမ်းဆည်းပြီး ဝေါမြို့နယ်သစ်တောဦးစီးသို့ အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်အပ်နှံနိုင်ရေးဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိကျွန်းခွဲသား ၁ ဒသမ ၃၄၀ တန်၊ ၄၉၅ ချောင်းနဲ့ ကျွန်းပွတ်လုံး ၁ ဒသမ ၂၄၉၈ တန် ၇၂၅ လုံး၊ ခန့်မှန်းတန်ဖိုး ကျပ်  ၂၇ ဒသမ ၆၀၀ သိန်း၊ ၁၈ ဒသမ ၇၄၀ သိန်း စုစုပေါင်း ကျပ်  ၄၆ ဒသမ ၃၄၁ သိန်း တန်ဖိုးရှိတယ်လို့သိရပါတယ်။

DCCA