ID ထက်ပိုမိုတင်ဆောင်မှုအများအပြား စစ်ဆေးဖော်ထုတ်

   ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်နေသော Mobile Team  လရ-၂အဖွ့ဲဟာ ဖေဖော်ဝါရီလ၃ ရက်မှ ၆ ရက်ထိလေးရက်တာ ကာလအတွင်း မှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းပေါ်မှ ၆ဘီး၊ ၁၂ ဘီး၊၂၂ ဘီး သွင်းကုန်  Duty ယာဉ်များအား စစ်ဆေးစဉ် ယာဉ် ၁၂ စီးပေါ်မှ ID ထက် ပိုမိုသယ်ဆောင်လာသော စားသောက်ကုန် နဲ့ အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ရတယ် လို့သတင်းရရှိပါတယ်။ ID ထက်ပိုမို သယ်ဆောင်လာတဲ့ စားသောက်ကုန်များမှာ နာနတ်ဖျော်ရည်၊ Soy  Milk၊ Oyster Sauce၊ Sponsor အချိုရည်၊ ကြာဆံခြောက်၊ ငံပြာ ရည်၊အချိုရည်၊နို့ဆီ၊ နို့စိမ်းဟင်းချက်ရာနဲ့ မုန့်ဖုတ်ရာမှာအသုံးပြု တဲ့ Dairy  Half  Creamer စုစုပေါင်းကျပ်  ၁၁  ဒသမ  ၉၀၀  သိန်းဖိုးကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့ အညီ အမှုတွဲဖွင့်တားဆီးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

   အိမ်သုံးပစ္စည်းနဲ့ လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ Plastic  Floor  Mat၊ Net Shade၊ Water Container များ ကျပ် ၂၀ဒသမ ၃၀၀ သိန်းဖိုးကိုလည်း တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

DCCA