မဏိပူရပြည်နယ်တစ်ဝန်း ကုန်သွယ်ရေးကို အဓိကထားလမ်းပိတ်ဆန္ဒပြုမှုပြုလုပ်

  ချန်ဒယ်ခရိုင်မှာ ဇန်နဝါရီလနှောင်းပိုင်းက အာသံတပ်ဖွဲ့ရဲ့မှားယွင်းစွာပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးမှုကို ပြည်နယ်အစိုးရက လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ကူကီးလူ မှု အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ လမ်းပိတ်ဆန္ဒပြမှုများကို ပြည်နယ် တစ်ဝန်းမှာ ငါးရက်ကြာပြုလုပ်ပြီး ကုန်သွယ်ရေးကို အဓိက ထားလမ်းပိတ်ဆန္ဒပြမယ်လို့သိရတဲ့အတွက် စီးပွားရေးလုပ်ငန်း ရှင်များအနေနဲ့ ယာဉ်သွားလာမှုကို ရပ်ဆိုင်းပေးရန်နဲ့ ပြည်သူများအနေနဲ့  ဆန္ဒပြမှုကို ဝိုင်းဝန်းထောက်ခံပါဝင်ပေး ရန် ကူကီးလူမှုအဖွဲ့အစည်းက တိုက်တွန်းထားတယ်လို့ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာဖော်ပြထားပါတယ်။

နေထက်မင်း (တမူး)