မြဝတီမှ ကော့ကရိတ်သို့သွားရောက်မည့် ခရီးသည်တင်ယာဉ်များနဲ့ကုန်တင်ယာဉ်များအား ရှေ့တန်းအမှတ် (၄) စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်မှူးမှ ပိတ်ဆို့တားဆီးစစ်ဆေး

   ဖေဖော်ဝါရီလ ၈ ရက် နံနက် ၅ နာရီခွဲမှာ ရှေ့တန်းအမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးမှ တံတားကျိုးဂိတ်တွင် မြဝတီမှ ကော့ကရိတ်သို့သွားရောက်မယ့် ခရီးသည် ယာဉ်များနဲ့ ကုန်တင်ယာဉ်အားလုံးကို   စစ်ဆေးပြီး တံတားကျိုးရှောင်ကွင်းလမ်းနဲ့ နားခိုနိုင်တဲ့နေရာများမှာ  တပ်အင်အားချ ထားပိတ်ဆို့ တားဆီးစစ်ဆေးခဲ့ရပါတယ်။ နံနက် ၁၀ နာရီမှာ စစ်ဆေးတဲ့ နေရာသို့ဝင်ရောက်လာခြင်းမရှိဘဲ လမ်းဘေးမှာရပ်ထားသဖြင့် စိစစ်ရာမှာ ဂျူတီ/လိုင်စင်မပါသောယာဉ်များဖြစ်နေတဲ့အတွက် မြဝတီကုန်သွယ်ရေးဇုန် သို့ ဆက်သွယ်အကြောင်းကြားပြီး မြဝတီကုန်သွယ်ရေးဇုန် OSS ပူးပေါင်းအဖွဲ့မှ အကောက်ခွန်ဦးစီးဌာန တာဝန်ခံအဖွဲ့နဲ့အတူ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အဖွဲ့နဲ့  ပူးပေါင်းပြီး ဂျူတီ/လိုင်စင်ပါရှိမှု ရှိမရှိ စိစစ်ခဲ့ကြပါတယ်။

   ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁ နာရီခွဲမှာကုန်သွယ်ရေးဇုန်သို့ ဝင်ရောက် ခြင်းမရှိဘဲ ရှောင်ကွင်းလမ်းမှ ထွက်ခွာလာတဲ့ လိုင်စင်ဂျူတီမပါရှိတဲ့ Hilux နှစ်စီး၊ ၆ ဘီးယာဉ် ၄၉ စီး၊ ၁၀ ဘီးယာဉ် တစ်စီး၊ ၁၂ ဘီးယာဉ် ၁၂ စီး၊ စုစုပေါင်း ၆၄ စီးအား မြဝတီကုန်သွယ်ရေးဇုန် အတွင်းခေါ်ယူထားပြီး ၀၉ း ၀၀ ချိန်မှစတင်၍  OSS အဖွဲ့ဝင်ဌာနများ၊ ကုန် လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ကိုယ်စားလှယ်များပါဝင်တဲ့အဖွဲ့နဲ့ ဖွင့်ဖောက်စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါ တယ်။  စစ်ဆေးတွေ့ရှိရတဲ့ပစ္စည်းတွေကတော့ စားသောက်ကုန် (စားဆီ၊ ခေါက်ဆွဲခြောက်၊ အချိုမှုန့်၊ နို့ဆီ၊ နို့စိမ်း၊ နို့ကတ်မျိုးစုံ၊ မုန့်ပုံးမျိုးစုံ၊ ကော်ဖီမစ်၊ အိုဗာတင်း၊ ဒူးမက်နို့မှုန့်၊ Royal D ဖျော်ရည်ထုပ်၊ ကြက်သားမှုန့်၊ ငရုတ်ဆီ၊ ကောက်ညှင်း၊ ကွမ်းသီးခြင်း၊ အချိုရည်မျိုးစုံ၊ အုန်းနို့ဘူး)၊ အရက်၊ ဘီယာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (ဘိ လပ်မြေ၊  ကြွေပြား၊ သုတ်ဆေး၊ သင်နာ၊ အုတ် ရိုက်သံ၊ အိမ်မိုးပြား၊ သံမှို၊ အိမ်ရိုက်သံ၊ အမိုးရိုက်သံ၊ လွှ၊ ပတ္တာ၊ သစ်သားပေါလစ်ရှ်၊ သစ်ခွဲသားအရွယ်စုံ၊ ပျဉ်းကတိုး အရွယ်စုံ၊ စက်ဆီချောဆီ (အင်ဂျင်ဝိုင်၊ ဂီယာဝိုင်၊ချောဆီ၊ဘရိတ်ဆီ၊ ဟိုက်ဒြောလစ်ဆီ၊ မော်တာဆီ၊ ဓါတ်ဆီ)၊ အိမ်သုံးပစ္စည်းများ (လျှပ်စစ်ပန်ကာ၊ ဒယ်အိုး၊ ထမင်းအိုး၊ ရေခဲသေတ္တာ၊ Gas အိုး၊ ပလတ်စတစ်ဖျာ၊ ဆပ်ပြာမှုန့်၊ အဝတ်လျှော်ရာတွင်သုံးသောအမွှေးရည်)၊ ယာဉ်ယန္တရား (ကရိန်း၊ ထရော်လာဂျီ လက်ကိုင်နဲ့ ဆက်စပ်ပစ္စည်းများ)၊ လုပ်ငန်းသုံး (ဓာတ်မြေသြဇာ၊ ဂုန်နီအိတ်ခွံ၊ ပလတ်စတစ်အိတ်) များကိုစစ်ဆေးတွေ့ရှိထားတယ်လို့သိရပါတယ်။

DCCA DCCA