ခန့်မှန်းတန်ဖိုးကျပ် ၁၇၆၄ သိန်းရှိ ၁၂ ဘီး/၁၀ ဘီးယာဉ်များနဲ့ ကျွဲနွားအရှင် ၈၉ ကောင် မူဆယ် Mobile Team မှသိမ်းဆည်းရမိ

  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဇန်နဝါရီ ၂၄ ရက် နံနက် ၆ း ၁၅ ချိန်ခန့်မှာ မော်ထောင်း နမ့်တောင်ကျေးရွာအနီး ရှောင်ကွင်းလမ်း မှာစောင့်ဆိုင်းစဉ် ၁၂ ဘီးယာဉ် ၃ စီး၊  ၁၀ ဘီးယာဉ် ၁ စီးတို့နဲ့ နွားအရှင် ၂၅ ကောင်၊ ကျွဲအရှင် ၆၄ ကောင် စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ်  ၆၇၄ ဒသမ ၅၀ သိန်းအား တားဆီးနိုင် ခဲ့တယ်လို့သတင်းရရှိပါတယ်။ ကျွဲနွားအရှင် ၈၉ ကောင်ကို အဖွဲ့စုံနဲ့ မူဆယ် မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းအပ်နှံပြီးဖြစ်တယ်လို့သိရပါတယ်။

  အဆိုပါ ကျွဲနွားများကို တင်ဆောင်သယ်ယူလာတဲ့ ၁၀ ဘီးယာဉ် တစ်စီးခန့်မှန်းတန်ဖိုးကျပ်သိန်း ၂၅၀  နဲ့  ၁၂ ဘီးယာဉ်သုံးစီး၊ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၈၄၀ တို့အား လုပ်ထုံး လုပ်နည်းနဲ့အညီ အမှုတွဲဖွင့်လှစ်နိုင်ရန် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းထားပြီးတယ်လို့သတင်းရရှိပါတယ်။

   ကျွဲနွား ၈၉ ကောင်နဲ့  ၁၀ ဘီး ယာဉ် တစ်စီး၊ ၁၂ ဘီးယာဉ်သုံးစီးတို့ရဲ့ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၇၆၄ သိန်းဖိုးရှိတယ်လို့သိရပါတယ်။

DCCA