ကားဆက်စပ်ပစ္စည်းအဝတ်အထည်၊ အလှကုန်များ ကျပ် ၃၉ သိန်းကျော်ဖိုး သိမ်းဆည်းရမိ

   မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်မှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် နောင်ချိုယာယီအခြေပြု Mobile Team လရ-၁ အဖွဲ့ တာဝန်ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၃း၃၀ချိန်ခန့်မှာ သစ္စာဟိဏ်းမှန်လုံယာဉ် 8D/xxxx ပေါ် Gear Wheel Pinion၊  အနံ့ရည်၊ ကလေးအဝတ်အထည်၊ အလှဆီ၊ လက်သည်းဖျက်ဆေး၊ Acrylic Powder၊ Soldering Station Quick၊ Injet ink၊  ကားဘန်ဘာ၊ Portable Air Compressor စတဲ့လူသုံး၊ အိမ်သုံးပစ္စည်း ၁၀မျိုး၊ ခန့်မှန်းတန်ဖိုး ၃၉၁၄၀၀၀ ကျပ်အားသိမ်းဆည်းရမိတဲ့အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီအမှုတွဲဖွင့်အရေးယူထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။

DCCA