ပြည်ပနိုင်ငံများသို့ မြန်မာ့သစ်သီးဝလံများတင်ပို့

   ၂၀၁၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၃ ဒသမ ၉၇၁ သန်းတန်ဖိုးရှိတဲ့ ဖရဲသီး၊ သခွားမွှေး၊ ဆီးသီး၊ အုန်းသီး၊ စပျစ်သီးနဲ့ ရွှေဖရုံသီးတွေကို မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံကိုတင်ပို့ခဲ့ပါတယ်။

   တင်ပို့ခဲ့တဲ့တန်ချိန်တွေကတော့ ဖရဲသီး ၂၅၈၂၈ တန်၊ သခွားမွှေး ၂၆၅၅ တန်၊ ဆီးသီး ၉၅၆ တန်ခွဲ၊ အုန်းသီး ၈ တန်၊ စပျစ်သီး ၁၁ တန် နဲ့  ရွှေဖရုံ သီး ၁၅၆ တန်ခွဲ တို့ဖြစ်ပါတယ်။

  ဖရဲနဲ့ သခွားမွှေးကတော့ မူဆယ်ကနေပုံမှန်တင်ပို့နေရပြီး စပျစ်သီး၊ အုန်းသီးနဲ့ ရွှေဖရုံသီးကတော့ ရာသီပေါ်သီးနှံအနေနဲ့တင်ပို့နေတာပါ။ မြန်မာ့ သစ်သီးဝလံတွေ တရုတ်နိုင် ငံကိုတင်ပို့မှုရှိသလို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးကနေလည်း လိမ္မော်သီး ၅၂၈ တန်ကို ကန်ဒေါ်လာ ၉၇၃၅၈ ဖိုး ထိုင်းနိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီလ တစ်လလုံး မှာတော့ တရုတ်နိုင်ငံကို ဖရဲသီး ၁၂၆၀၁၉ တန်၊ သခွားမွှေး ၁၁၉၇၅ တန်၊ ဆီးသီး တန် ၃၉၉၀၊ စပျစ်သီး ၁၁ တန်၊ အုန်းသီး ၁၇ တန်နဲ့ ရွှေဖရုံသီး ၂၁၃ တန်ခွဲနဲ့  ထိုင်းနိုင်ငံကို လိမ္မော်သီး ၈၅၈ တန်  တင်ပို့နိုင်ခဲ့ပါ တယ်။

  'တရုတ်နှစ်သစ်ကူးချိန်နီးလာတာကြောင့် သစ်သီးဈေးတွေနည်းနည်းပြန်တက်လာတယ်။ တရုတ်ဝယ်လက်တွေက တရုတ်နှစ်သစ်ကူးခါနီး တစ်ပတ်လောက်အလိုဆို ရင်ရောက်သမျှ သစ်သီးတွေအကုန်ဝယ်တတ်လို့ ဈေးကောင်းလည်းရတယ်' ဟု  မူဆယ်သစ်သီးကုန်စည်ဒိုင်မှသိရပါတယ်။

မော်မော်အောင် MIRT (DCCA)