တစ်ဖက်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းကြောင့် အင်ဖာ-မိုရေးကုန်သွယ်မှု အခက်အခဲများနဲ့ရင်ဆိုင်နေရ

   မဏိပူရပြည်နယ် ထိုဘားခရိုင် လီလွန်ဒေသရှိ အမှတ်(၄၀) အာသံတပ်ဖွဲ့စခန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အာသံတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းနဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့က ပြုလုပ်သည်ကို စုံစမ်းဆဲဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ် The Sangai Express  သတင်းစာမှာဖော်ပြထားပါတယ်။ အင်ဖာနဲ့ မိုရေးမြို့အကြား အကြမ်းဖက်မှုနဲ့ လမ်းပိတ်ဆန္ဒပြမှုများကြောင့် အင်ဖာ-မိုရေးကုန်သွယ်ရေးမှာ အခက်အခဲများနဲ့ရင်ဆိုင်နေရပြီး ဆန္ဒပြမှုများလည်းထပ်မံဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်းဖော်ပြထားပါတယ်။

နေထက်မင်း (တမူး)