တည်ငြိမ်မှုမရှိက အိန္ဒိယ-မြန်မာကုန်သွယ်မှုများကို ထိခိုက်စေနိုင်

   အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချဉ်ဒယ်ခရိုင်၊ မိုးရေးမြို့ရှိ ဒေသခံလူမှုအဖွဲ့အစည်းများသည် ၂၀၁၅ခုနှစ် ဇန်န ဝါရီလ ၁၀ ရက်နေ့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံပွဲ တွင် လူမျိုးစုများကြား ပဋိပက္ခဖြစ်ပွားမှုမရှိစေရန်နဲ့  ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ကြရန်၊ တည်ငြိမ်အေးချမ်းမှုမရှိပါက အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် အိန္ဒိယ အရှေ့တောင် အာရှနိုင်ငံတို့ရဲ့ ကုန်သွယ်မှုမှုများကို ထိခိုက်စေနိုင်ကြောင်း၊ လူမျိုးစုများအနေဖြင့် ငြိမ်းချမ်းစွာအတူတကွလက်တွဲပြီး မိုးရေးမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

နေထက်မင်း (တမူး)