ကော့သောင်းနယ်စပ်မှ ဇန်နဝါရီလ ၁၆ ရက်အတွင်း ပင်လယ်ငါးရှဉ့် ရှစ်တန်ကျော်တင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီ လ ၁၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ရှစ် တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်း ပင်လယ် ငါးရှဉ့်အပြင် ကန်ဒေါ်လာ သုည ဒသမ ၆၂၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၆၇၉ တန်၊ ပုဇွန် ၅တန်ကျော်နဲ့ ရေဘဝဲ ၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း ကန်ဒေါ်လာ သုည ဒသမ ၀၇၆ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ၅၈ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)