အာသောကဆီဆိုင်အနီးရှောင်ကွင်းလမ်းမှ ပိုးသတ်ဆေးဖာများသိမ်းဆည်းရမိ

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Asia World Toll Gate  အာသောကဆီဆိုင်အနီး ရှိ ရှောင်ကွင်းလမ်းမှ ပိုးသတ်ဆေး ၁၅ ဖာကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ ပိုးသတ်ဆေးဖာများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သုံးသိန်း သုံးသောင်းခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ၍ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA