မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်အတွင်း တရားမဝင်စိုက်ပျိုးနေသော ဘိန်းခင်းများအား ဖျက်ဆီး

   အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ အာသံတပ်ဖွဲ့တို့ ပူးပေါင်းပြီးဇန်နဝါရီလ ၅ ရက်မှ ၈ ရက်နေ့ထိ ဘိန်းစိုက်ခင်း ၁၉၈ ဧကကို ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုဘိန်းခင်းမှ ဘိန်း ၂၅၇၉ ကီလိုဂရမ်ခန့်ထွက်ရှိနိုင်ပြီး တန်ဖိုးအားဖြင့် ရူပီး ၁၅၄၄ သိန်းဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ဘိန်းစိုက်ပျိုးမှုများအား ထပ်မံရှာဖွေ ဖျက်ဆီးရန် နယ်စပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က စီစဉ်နေတယ်လို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

နေထက်မင်း၊ တမူး