မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန် ၂၇၀၀ တန်ကျော်တင်ပို့
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလအတွင်း အဓိကပို့ကုန်ဖြစ်သော လယ်ယာ ထွက်ကုန်ကို ကန်ဒေါ်လာ ၁ ဒသမ ၇၆၀ သန်း၊ တန်ချိန် ၂၇၀၇ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း တင်ပို့နိုင်သော လယ်ယာထွက်ကုန်များမှာ မြေပဲဆံ ၅၅၀ တန်ကျော်၊ ပဲတီစိမ်း ၃၅၁ တန်၊ ငရုတ်သီးခြောက် ၁၈၄ တန်ကျော်၊ ကြက်သွန်နီ ၁၂၉၈ တန်ကျော်၊ နှမ်းနက် ၆၈ တန်ကျော်၊ မတ်ပဲ တန် ၂၁၀ ကျော်၊ သီဟိုစေ့ ၈ တန်ကျော်၊ ချင်းခြောက် ၇တန်ကျော်၊ နနွင်းတက် ၂၁ တန်နဲ့ နွယ်ချို ၇ တန်ကျော် ဖြစ်ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်က ယခုတစ်ပတ်တွင်းမှာလည်း ကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်းတန်ဖိုးရှိ ကြက်သွန်နီတန် ၈၇၀ ကျော်၊ မြေပဲဆံ တန် ၃၄၀ နီးပါးနဲ့ ငရုတ် သီးခြောက် ၂၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT (DCCA)