သိမ်းဆည်းရမိအေးခဲပင်လယ်စာများအားမြေမြှုပ်ဖျက်ဆီး

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရှောင်ကွင်းလမ်းမှာ စုပုံထားသော စားသုံးရန်မသင့်တဲ့ အေးခဲ ပင်လယ်စာများအားသိမ်းဆည်းရမိခဲ့ပြီး လုပ်ထုံးလုပ် နည်းနဲ့အညီ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အပ်နှံထားခဲ့ပါတယ်။ အဆိုပါ အေးခဲပင်လယ်စာများမှာ အလေးချိန် အားဖြင့်  ၂၄၂၇ ကီလိုဂရမ် ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ် ၁၂ ဒသမ ၁၃၅ သန်းရှိတယ်လို့သိရပါတယ်။ သိမ်းဆည်းရမိတဲ့နေ့ ညနေ ၁၅း၀၀ ချိန်မှာ မူဆယ်မြို့နယ်အကောက်ခွန်မှူး ဦးစီးတဲ့ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့စုံနဲ့ မူဆယ်မြို့နယ် အကောက်ခွန်ရုံးဝင်းအတွင်းမှာ မြေ မြှုပ်ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။

   Mobile Team အဖွဲ့များဟာ တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးသာမက ကုန်သွယ်မှုမြှင့်တင်ရေးနဲ့စားသုံးသူအကာအကွယ်ပေးရေးတာဝန်များကို အထောက်အကူပြု ဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။

DCCA