ဒီဇင်ဘာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်တန်ချိန် ၁၆၉၀၀၀ ကျော်တင်ပို့

   ၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလနောက်ဆုံးပတ်ဖြစ်တဲ့ ၂၇ ရက်မှ ဇန်နဝါရီ  ၂ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်မှ  ကန်ဒေါ်လာ ၁၂ ဒသမ ၉၈၉ သန်းတန်ဖိုးရှိ   ဆန်တန်ချိန် ၃၅၀၆၆ တန်တင်ပို့ခဲ့ပါတယ်။ စခန်းများအလိုက်တင်ပို့ခဲ့တဲ့ ဆန်အမျိုးအစားနဲ့ပမာဏကိုကြည့်ပါက  မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ငစိန်ဆန်  ၁၉၆၀၅ တန်၊ ဧည့်မထ  ၁၂၃၈၇ တန်ကျော်၊ လွယ်ဂျယ်စခန်းက ဧည့်မထိ ၂၈၂၃ တန်ကျော်၊ ချင်းရွှေဟော်စခန်းက ဧည့်မထ တန် ၂၅၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်း ပတ်ထက်  ၁၂၂၀ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ တစ်လလုံးမှာတော့ ကန်ဒေါ်လာ ၆၂ ဒသမ ၃၂၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၉၁၃၄ တန်ကို တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလ ထက်  ၈၇၀၅၇ တန်ပိုမိုခဲ့တဲ့အတွက် ဆန်တန်ချိန်ထက်ဝက်ခန့်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ဆိုရပါမယ်။  ယခုနှစ်စပိုင်း  ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ဆန်တန်ချိန် နှစ်သိန်းတင်ပို့နိုင်ရေး မြန်မာနဲ့ တရုတ် နှစ်နိုင်ငံဆွေးနွေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရှိရပါတယ်။

ယဉ်ယဉ်အေး  MIRT (DCCA)