ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပင်လယ်ငါးရှဉ့်၉၅ တန်နီးပါးတင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ သုည ဒသမ  ၁၇၁ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၉၂ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်းမှာလည်း တန်ချိန် ၆ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်တွင် ပင်လယ်ငါးရှဉ့်တင်ပို့မှုမရှိတဲ့အတွက် ယခုသီတင်းပတ်တွင်  ၆ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ဆိုရပါမယ်။ နိုဝင်ဘာလအတွင်းမှာတော့ ကော့သောင်း စခန်းမှ ငါးရှဉ့် ၇ တန်ကျော်တင်ပို့နိုင်ခဲ့တယ်လို့သိရှိရပါတယ်။

ခင်မြနွယ် MIRT (DCCA)