ကော့သောင်းနယ်စပ်မှရေထွက်ကုန်ပိုမိုတင်ပို့နိုင်သော်လည်း မြဝတီနဲ့ မြိတ်နယ်စပ်မှ တင်ပို့မှုလျော့

   မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်စခန်းများဖြစ်သော မြဝတီကုန်သွယ် ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများက နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း ကန် ဒေါ်လာ ၂ ဒသမ ၉၂၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၀၁၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၀၂ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   နယ်စပ်စခန်းများအလိုက် ဆောင်ရွက်နိုင်မှုများမှာ  မြဝတီကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာ သုည ဒသမ ၁၈၀ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၇၇ တန်ကျော်၊ ကဏန်း ၁၆ တန်ကျော်နဲ့ ပုစွန် ၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက တန် ၄၀ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက ကန်ဒေါ်လာ သုည ဒသမ ၉၇၇ သန်းတန်ဖိုးရှိ ရေထွက်ကုန်များ ဖြစ်သော ငါးမျိုးစုံ ၁၀၆၂ တန်ကျော်၊ ပုစွန် ၇ တန်ကျော်၊ ကင်းမွန် ၉ တန် ကျော်၊ ပင်လယ်ငါးရှဉ့် ၆ တန်ကျော်၊ ကဏန်း ၄ တန်ကျော်နဲ့ ရေဘဝဲ ၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ် ပါက ၅၂၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ကန် ဒေါ်လာ ၁ ဒသမ ၇၇၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၁၄၄၅ တန်ကျော်၊ ရေငန်ပုစွန် ၂၂ တန်ကျော်၊ ကင်းမွန် ၂ တန်ကျော်၊ သဲကဏန်း ၁ တန်နီးပါး၊ ငါးမှုန့် တန် ၃၅၀ နဲ့ ငါးခြောက် ၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁၈၁ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါ တယ်။

ခင်မြနွယ် MIRT (DCCA)