မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင် (၁၈၆၁) ဒေါ်လာနှုန်းဖြင့်  (၇.၂) တန် ၊ တင်ပို့နိုင်ခဲ့သည်။

   သွင်းကုန်တင်သွင်းမှုအနေဖြင့် ဒီဇယ်ဆီ တစ်တန်လျှင် (၉၈၀.၅) ဒေါ်လာနှုန်းဖြင့် (၅၀၀၀) တန် တင်သွင်းခဲ့ပါသည်။

   မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

   ဒေသငွေလွှဲနှုန်းဖြင့် ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၁)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

 (DOT  မြိတ်)