မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိ ရာ ၂၆-၉-၂၀၂၃ ရက်နေ့မှ ၂၉-၉-၂၀၂၃ ရက်နေ့အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် အများဆုံးတင်ပို့ခဲ့ သည့်ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ CMP ပစ္စည်းများနှင့်ရေထွက်ပစ္စည်းဖြစ်သည့်  ငါးပါးလျှပ်၊ ငါးခွေးလျှာ၊ ငါးမြွေထိုး၊ ဂုံး၊ ပုစွန်၊ ကဏန်းတို့ဖြစ်ပြီးဂေါ်ဖီ၊ မြေပဲ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ ငါးဖမ်းပိုက်ကွန်များနှင့် တောပန်းမြစ်ခြောက်တို့ကို တင်ပို့ခဲ့သည်။ 

   ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်းနှင့် ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

   ၂၆-၉-၂၀၂၃ ရက်နေ့မှ ၂၉-၉-၂၀၂၃ ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ  အဝတ်အထည်၊ CMP၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ်ပြီး တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆေးဝါးများ၊ ဖိနပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်းနှင့် ငါးဖမ်း ပစ္စည်းတို့ကိုလည်း တင်သွင်းခဲ့သည်။

   ၂၃-၉-၂၀၂၃ မှ ၂၉-၉-၂၀၂၃ ရက်နေ့အထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည် (၁၃၇၉၆၇)ထည်၊ (၁၆.၂၇၂) တန်၊ ကြက်သွန်နီ (၁)တန်လျှင် (၆၇၅.၉၂၆) ဒေါ်လာ ဖြင့် (၂၀၉၉.၃၄၀)တန်၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၇၃.၆၈၆) ဒေါ်လာဖြင့် (၂၇၁.၈၅၅) တန်၊ ငရုတ်သီး(စိမ်း) (အစို) (၁) တန်လျှင် (၄၇၀.၀၈၆) ဒေါ်လာဖြင့် (၃၉၅.၆၇၂)တန်၊ မြေပဲဆံ (၁) တန်လျှင်(၁၆၁၇.၂၇၇) ဒေါ်လာဖြင့် (၉၉.၅၅၀) တန်၊ ကွမ်းသီး (၁) တန်လျှင် (၁၅၁၈.၉၉၈) ဒေါ်လာ ဖြင့် (၁၀၅.၉၉၈)တန်၊ ကော်ဖီစေ့ (၁)တန်လျှင် (၄၃၀၅.၅၅၅) ‌ဒေါ်လာဖြင့် (၃၆)တန်၊ ဂေါ်ဖီထုပ် (၁) တန်လျှင် (၂၀၁.၇၅၄) ဒေါ်လာဖြင့် (၄၅၆) တန်၊ ငါးမျိုးစုံ (၁) တန်လျှင် (၁၃၁၂.၅၅၁) ဒေါ်လာဖြင့် (၁၈.၂၈၅) တန်၊ အခြားရေထွက်ပစ္စည်း (၁) တန်လျှင် (၃၄၃၁.၃၇၂) ဒေါ်လာဖြင့် (၆.၁၂၀) တန်တို့ ဖြစ်သည်။

   ၂၃-၉-၂၀၂၃ မှ ၂၉-၉-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၇၁၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၄၂၉) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၉၂၄) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၈၁၄) ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၇၁၈) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၆၇၁) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်းများ (၀.၆၅၈) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၆၄၈) ဒေါ်လာသန်း၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၅၅၂) ဒေါ်လာသန်းနှင့် တာယာနှင့်ကျွတ်များ (၀.၄၉၅) ဒေါ်လာသန်းတို့ ဖြစ်သည်။

   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၈.၉၇၀) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၉၁.၂၁၆) ကန်ဒေါ်လာ သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၁၁၀.၁၈၆) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။

   ငွေစျေးနှုန်းအနေဖြင့်ယခုအပတ်တွင် တစ်ဘတ်လျှင် ၉၁.၃၂ ကျပ် ဖြစ်ကြောင်း သိရှိရသည်။

(DOT မြဝတီ)