စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိအကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ (၀.၂၀၄၈) သန်းဖြစ်ရာ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၀၄၈) သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။

   တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ အနေဖြင့် မန်ကျည်းစေ့ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀)နှုန်းဖြင့် (၃၀၄) တန်၊ နနွင်းတက် (၁) တန်လျှင်အမေရိကန်ဒေါ်လာ (၁၂၀၀)နှုန်းဖြင့် (၂)တန်၊ ဆီးဖတ် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၃၈၂) တန်၊ ဂျင်းအစို (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀) နှုန်းဖြင့် (၁၄) တန်၊ ဂျင်း(ခြောက်) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀၀) နှုန်းဖြင့် (၄) တန်၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀) နှုန်းဖြင့် (၄၈) တန်၊ ငါးမြစ်ချင်း (၁-၂)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀) နှုန်းဖြင့် (၂၀.၂၅၆) တန်၊ ငါးမြစ်ချင်း (၂-၃) (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၂၈၀) နှုန်းဖြင့် (၂၆.၆၄)တန်၊ ငါးမြစ်ချင်း (၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀) နှုန်းဖြင့် (၁၄.၁၆)တန်၊ ငါးသိုင်းခေါင်းပွ (၁) တန် လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀) နှုန်းဖြင့် (၆.၀၄၈)တန်နှင့် ဆီးယိုထုပ် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၅၀) နှုန်းဖြင့် (၆၇) တန်တို့ကို တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

   ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁) ဒေါ်လာလျှင် (၁၁၇.၁) တာကာနှင့် (၁) တာကာလျှင် (၂၈.၀၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

(DOT စစ်တွေ)