မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

   မြဝတီကုန်သွယ်ရေးဇုန် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများဆောင်ရွက်လျက် ရှိရာ ၁၉-၉-၂၀၂၃ ရက်နေ့မှ ၂၂-၉-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းဖြစ်သည့်  ငါးကြင်းဆီဖောင်း၊ ဂုံး၊ ပုစွန်၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်း (Frozen) ၊ ဂဏန်းနှင့် CMP ပစ္စည်းများဖြစ်ပြီး ဂေါ်ဖီ၊ ပြောင်း၊ မတ်ပဲ၊ မြေပဲ၊ ချင်း(ခြောက်)နှင့် ကော်ဖီစေ့တို့ကိုလည်း တင်ပို့ခဲ့သည်။ 

   ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များ ဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေး ခြင်းနှင့် ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။

    ၁၉-၉-၂၀၂၃ ရက်နေ့မှ ၂၂-၉-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ် ပြီး တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ယာဉ်ယန္တရားများ၊ ဆိုင်ကယ် အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ လျှပ်စစ်ပစ္စည်း၊အလှကုန်ပစ္စည်း၊ ဆေးဝါးများ၊ ဆေးဖက်ဆိုင်ရာ သုံးပစ္စည်းကိရိယာများ၊ ဖိနပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်း ပစ္စည်းတို့ကို တင်သွင်းခဲ့သည်။

   ငွေစျေးနှုန်း အနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် (၉၄.၇၈) ကျပ် ဖြစ်ကြောင်းသိရှိရ သည်။

(DOT မြဝတီ)