တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၉-၉-၂၀၂၃ မှ ၁၅-၉-၂၀၂၃ ရက်နေ့ထိ ပို့ကုန် တင်ပို့မှု အနေဖြင့် ကြက်သွန်ဖြူ (၁၂၄.၅) တန်၊ ကြက်သွန်နီ (၈၀) တန်၊ ရာဘာစေး (၁၄၀) တန်၊ ကော်ဖီစေ့ (၁၇) တန်၊ ဆေးရွက်ကြီး (၄၄) တန် တင်ပို့နိုင်ခဲ့သည်။ ယခုတစ်ပတ် တင်ပို့မှုတွင် ပါဝင်သော ဆေးရွက်ကြီး (၄၄) တန်မှာ တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်ကြေငြာလွှာ (ED) ဖွင့်လှစ်၍ ကျိုင်းလပ်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိက တင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၄၅၄) ဒေါ်လာသန်း၊ ဒီဇယ် (၀.၂၈၆) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၂၈၀) ဒေါ်လာသန်း၊ စက်နှင့်စက် ပစ္စည်းများ (၀.၀၅၃) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၁၃) ဒေါ်လာသန်း ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်း များ (၀.၀၇၀) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၀၂၆) ဒေါ်လာသန်း ၊ သုတ်ဆေး/ပေါလစ်များ (၀.၀၁၁) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၃၃) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၃၃၆) ဒေါ်လာသန်း တင်သွင်းခဲ့သည်။

   စက်သုံးဆီဈေးနှုန်းအနေဖြင့် ဒီဇယ်ဆီတစ်တန်လျှင် (၁၀၇၅) ဒေါ်လာ၊ ဓါတ်ဆီတစ်တန်လျှင် (၁၁၁၀) ဒေါ်လာဖြစ်သည်။

   တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၄၀) ဘတ် ဖြစ်ပေါ်ခဲ့သည်။

DOT (တာချီလိတ်)