ဈေးကွက်ဝယ်လိုအားရှိသည့် ပဲယင်း
ပဲယင်းကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ် ဆင့် တင်ပို့ပြီး အခြားပြည်ပဈေးကွက်သို့ ပုံမှန်ကုန်သွယ်မှု အနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိသည်။ မုံရွာ ကုန်စည်ဒိုင်ပေါက်ဈေးအရ ဧပြီလက တစ်တင်းလျှင် ကျပ် ၄၁၀ဝ၀ သာဖြစ်ပေါ်ခဲ့ရာ ယခု ဇူလိုင်လဆန်းတွင် ပစ္စည်း အဝင် မရှိ တော့ဘဲ ပြည်ပဝယ်လိုအားရှိနေခြင်းကြောင့် ကုန်လက်ကျန်ပဲယင်းများကို တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ အထိ ရောင်းချရခြင်းကြောင့် ဈေးကွက်ဝယ်လိုအားရှိသည့် ပဲယင်း ကို တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးနိုင်သည့်ဒေသကို လေ့လာ၍ တောင်သူများအား တိုက်တွန်းခြင်း ဆောင်ရွက် သင့်ကြောင်း ကုန်သည်တစ်ဦးက အကြံပြုလာသည်။ပဲယင်း၏မူရင်းဒေသမှာအိန္ဒိယ၊မြန်မာနှင့်ပါကစ္စတန် တို့ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ပဲယင်းကို သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးပြီး မတ်၊ ဧပြီနှင့် မေလများတွင် ရိတ်သိမ်းလေ့ရှိကြသည်။ ပဲယင်းကို စစ်ကိုင်း တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသတို့တွင် စိုက်ပျိုးမှုများကြောင်း သိရှိရ သည်။ ပဲယင်းသည် ပူနွေးသည့် ရာသီဥတုကို ကြိုက်နှစ်သက် ပြီး အပူချိန် ၁၈ မှ ၃၇ ဒီဂရီစင်တီဂရိတ်အထိ စိုက်ပျိုးဖြစ်ထွန်း နိုင် ကြောင်းသိရသည်။ ပဲယင်းစိုက်ပျိုးသင့်သည့် မြေအမျိုး အစားမှာ ရေစီးရေလာကောင်းသည့် နုန်းမြေ၊ မြေသြဇာ ြွကယ်ဝသည့် သဲနုန်းမြေများတွင် ပိုမိုသင့်တော်ပြီး ဆားပေါက် မြေ၊ သဲဆန်မြေနှင့် ရေဝပ်မြေများတွင် မစိုက်သင့်ကြောင်း သိရသည်။ အတန်းလိုက် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် ၆-၈ ပြည် နှုန်း သုံးစွဲနိုင်ပြီး ကြဲပက်စိုက်ပျိုးမည်ဆိုပါက ၁၀-၁၂ ပြည်အထိ သုံးစွဲရမည်ဖြစ်သည်။ ပဲယင်းမျိုးစေ့များကို တန်းကြား ၁၀-၁၂ လက်မ၊ ပင်ကြား ၄-၅ လက်မထား၍ အတန်းလိုက်စိုက်နိုင်ပြီး မျိုးစေ့များကို မြေကြီးအနက် တစ် လက်မထားစိုက်ပြီး ရေအနည်းငယ် ဖျန်းပေးရမည်။ စိုက်ပြီး ရက်ပေါင်း ၃၀-၅၀ အတွင်း ၂-၃ ကြိမ်ကြား ပေါင်းလိုက်ပေးဖို့ လိုအပ်သည်။ ပဲယင်းပင်တွင် သီးလုံးဖောက်ပိုးနှင့် ကျိုင်းနက် ကောင်များ အဓိက ကျရောက်တတ်သည်ကို တွေ့ရသည်။ ရောဂါအနေဖြင့် အဝါရောင်မိုစေ့ရောဂါ၊ အရွက်ပုပ်၊ အရိုးပုပ် ရောဂါ များကျရောက်တတ်သည်။ အပင်တွေ စယဝါပါက နုတ် ပစ်သင့်သည်။ ပဲယင်းကို စိုက်ပျိုးပြီး ၃-၄ လအကြာ ရက် ပေါင်း ၉၀-၁၂၀ အတွင်း ခူးဆွတ်ရိတ်သိမ်းကြသည်။ သီး တောင့်များ၏ ၈၀ ရာခိုင်နှုန်း အညိုရောင်ပြောင်းသည့်အချိန် တွင် စတင်ခူးဆွတ်နိုင်ပြီး နံနက်ခင်းတွင် ခူးဆွတ်ခြင်း ဆောင် ရွက်ပြီး သီးတောင့်များကို နေလှန်း အခြောက်ခံပြီး အစေ့ထုတ် ကာ သိုလှောင်ရောင်းချခြင်းဖြစ်သည်။ ပဲစေ့၏ ဝမ်းဗိုက်တွင် အညှောင့်ဗီဇနေရာ အဖြူစင်းကြောင်းရှည်တစ်ခု ပါရှိသည်။ ပဲယင်းသည် ပဲအခွံမာ၍ အရောင်တောက်ပြောင်ပြီး နီညို ရောင်၊ ကာကီဖျော့ရောင်၊ ဝါညိုရောင် တွေ့ရတတ်သည်။ ဈေးကွက်တွင် ပဲယင်းနီနှင့် ပဲယင်းဝါဟုအခေါ်များပြီး ပဲယင်းနီ က ဈေးပိုမိုမြင့်သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ပဲယင်းကို နှစ်စဉ် ဧက ၃၅၀ဝ၀ ကျော်စိုက်ပျိုးထွက်ရှိသည်။ အဓိက အများဆုံးစိုက်ပျိုး ရာဒေသမှာ ကလေးမြို့နယ်ဖြစ်ပြီး ဧက ၂၈၀ဝ၀ ခန့် စိုက်ပျိုး ခြင်းဖြစ်သည်။ ကျန်စိုက်ပျိုးသည့် ဒေသများမှာ မင်းကင်း မြို့နယ်တွင် ဧက ၅၈၀ ခန့်၊ ထီးချိုင့်မြို့နယ်တွင် ဧက ၅၆၀ဝ၊ ကသာ မြို့နယ်တွင် ဧက ၁၀ဝ၊ မြောင်မြို့နယ်တွင် ဧက ၅၀ဝ၊ ချောင်းဦးမြို့နယ်တွင် ဧက ၃၀ဝ ၊ ပုလဲမြို့နယ်တွင် ဧက ၂၀ဝ ခန့် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း တွေ့ရသည်။ တစ်ဧကအထွက် နှုန်းမှာ ပျှမ်းမျှ ၁၃ တင်းခန့်ဖြစ်ရာ တစ်နှစ်လျှင်တင်းရေ လေး သိန်းကျော် ထုတ်လုပ်မှုရှိသည်။ တစ်ဧက ကုန်ကျ စရိတ်မှာ ကျပ် ၂၅၀ဝ၀ဝ ခန့်ကုန်ကျပြီး ပေါ်ချိန်ပေါက်ဈေး တစ်တင်း လျှင် ကျပ် ၄၀ဝ၀ဝ ဖြင့်ရောင်းချရပါက တစ်ဧက အကျိုး အမြတ် ကျပ် ၂၇၀ဝ၀ဝ ရရှိမည်ဖြစ်သည်။ ပဲယင်းကို တိုးချဲ့ စိုက်ပျိုးရန် စဉ်းစားရာတွင် ပဲယင်းစိုက်ပျိုးမည့် မြေနေရာ၌ မြေပဲစိုက်ပျိုးမည့် အမြတ်အစွန်းနှင့် နှိုင်းယှဉ်စဉ်းစား စိုက်ပျိုး ကြခြင်းဖြစ်ကြောင်း သိရသည်။ ပဲယင်းကို ပဲအတိုင်းသော် လည်းကောင်း ကောက်ညှင်း ဆန်နှင့်တွဲဖက်၍သော် လည်း ကောင်း စားသုံးလေ့ရှိကြသည်။ ပဲယင်းဈေးနှုန်းကို လေ့လာ ကြည့်လျှင် ပဲရောင်းဝယ်ချိန် မေလအတွက် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်က တစ်တင်းလျှင် ကျပ်၂၀ဝ၀ဝ ခန့်သာရှိခဲ့သော ပဲယင်း သည် ၂၀၂၂ ခုနှစ်တွင် ကျပ် ၄၀ဝ၀ဝ ဖြစ်လာသဖြင့် ယခင် နှစ်ထက် ပဲစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် နှစ်ဆခန့်မြင့်မား လာသကဲ့သို့ ရရှိသည့် ဈေးနှုန်းမှာလည်း နှစ်ဆခန့်ရရှိခြင်း ကြောင့် လူမှုစီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးစွမ်းအားကို မလျော့စေရေး ကြိုးပမ်းရ မည်ဖြစ်သည်။
ရီလင်းထွဋ်(မုံရွာ)