ရခိုင်ရေထွက်ကုန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့်ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေ

ရခိုင်ဒေသမှထွက်ရှိသည့်  ရေထွက်ကုန်များမှာ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့်   ဈေးကွက်တစ်ခုအဖြစ်ရပ်တည်နေကြောင်း ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ဇွန် ၁၁ ရက်အထိ  ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ ရေထွက် ကုန် တန်ချိန် ၂၇၁၁ ဒသမ ၈၀  တင်ပို့ထားပြီး အမေ ရိကန်ဒေါ်လာ  ၃ ဒသမ ၃၇၈ သန်း ရရှိထားခြင်းဖြစ်သည်။လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေချိုထွက်ကုန်   တင်ပို့မှုဈေး ကွက် ရရှိထားသောကြောင့်   ပြည်နယ် အစိုးရအဖွဲ့နှင့်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ    နည်းပညာနှင့် အရင်း အနှီး ဖြည့်ဆည်းမှုဖြင့် ရေချိုငါးမွေးမြူ ရေးကဏ္ဍကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။အဆိုပါပြည်နယ်အတွင်း  ရေချို ငါးမွေးကန် စုစုပေါင်း ၅၀ဝနီးပါးရှိသည့် အပြင်Mangrove Friendly Farming System နှင့် မွေးမြူမည့် ရေချိုငါး မွေး ကန်    ဧက   ၁၀ဝ၀  ဖော်ထုတ်နိုင်ရန် အတွက်လည်း နှစ်နှစ်စီမံကိန်းဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ယင်းအပြင်    ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့်   မင်းပြားမြို့တွင်   ရေချို ငါးသားဖောက်စခန်းအသစ်တစ်ခု တည် ဆောက်နေပြီးလာမည့်ရာသီတွင် သားဖောက်လုပ်ငန်း  ဆောင်ရွက်မည် ဖြစ်ကာ   အဆိုပါ သားဖောက်စခန်း ဝန်း ကျင် ၌လည်း  မွေးမြူရေးဇုန်တစ်ခု ပေါ်ထွန်းလာရန် စီစဉ်ဆောင်ရွက်နေ ကြောင်း သိရသည်။ဌာနအနေဖြင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရန်အတွက်  ဒီရေ တောများကို    ခုတ်ထွင်ရှင်းလင်းခြင်း မပြုဘဲ   ပုစွန်၊  ကဏန်းမွေးမြူနိုင်သည့်  Mangrove Friendly Farming System ကို    ဦးတည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံအနေဖြင့်မောင်တောနှင့်စစ်တွေနယ်စပ်ဂိတ်နှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ငါးမြစ်ချင်း၊ ငါး ပါးနီ၊   ငါးမုတ်မည်း၊   ငါးသလောက်၊ ကျောက်ပုစွန်၊     ငါးစုံကလေးခြောက်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါး နှပ်ခြောက်၊ ကင်းမွန် ခြောက်၊ ငါးကွမ်း ရှပ်၊ ရေငန်ငါး၊ ပုစွန်၊ ရွှံ့ကဏန်း၊ကဏန်း ပျော့နှင့် ခုံး(ဂုံး)အစို စသည့်  ရေထွက် ကုန်များကို တင်ပို့လျက်ရှိကြောင်း သိရ သည်။