ရှမ်းနနွင်း ယခင်နှစ်လက်ကျန်များနဲ့အရောင်းအဝယ်ဖြစ်

     ရှမ်းနနွင်းအသစ်တွေကတော့ နှစ်လပိုင်း/သုံးလပိုင်းမှ သာဈေးကွက်ကိုစပြီးဝင်လာတော့မှာဖြစ်ပါတယ်။  လက်ရှိ ဈေးကွက်မှာတော့ ယခင်နှစ်  လက်ကျန်တွေကိုသာရောင်းဝယ် နေကြပါတယ်။ နနွင်းကလည်း ချင်းလိုပါပဲ။ ပြည်ပဝယ်လက် နည်းနေပေမယ့် ပြည်တွင်းသုံးဝယ်လက်တွေကြောင့်  တစ်နှစ် ပတ်လုံးတော့  နည်းနည်းချင်း အရောင်းအဝယ်ဖြစ်နေတယ် လို့လည်းသိရပါတယ်။  အောင်ပန်းဈေးကွက်က နနွင်းတွေကို ရန်ကုန်၊ ပြည်၊ စစ်တွေ စတဲ့ဝယ်လက်တွေက အဓိကဝယ်ယူ လျက်ရှိကြောင်းသိရပါတယ်။ ဒီဇင်ဘာလတစ်လအတွင်းမှာ နနွင်းပိဿာချိန်ပေါင်း ၃ ဒသမ ၃၅ သိန်းရောင်းချခဲ့ရပြီးတောင်ပို့လစတွေသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဈေးနှုန်းကတော့ တစ်ပိဿာကို အနိမ့်ဆုံးကျပ် ၁၀၀၀ မှကျပ် ၂၇၀၀ ထိရှိပါတယ်။   ဆင်တောင်နနွင်းကတော့ တစ် ပိဿာကျပ် ၄၀၀၀ ဈေးရှိတယ်လို့ လည်းသိရပါတယ်။ဟိုပုံးနနွင်းကိုတော့ ပြည်တွင်းဝယ်လက်တွေသာ ဝယ် ယူမှုရှိပြီး အမှုန့်ကြိတ်ဖို့အတွက်သာဝယ်ယူနေပါတယ်။ဈေးနှုန်း ကတော့ အရည်အသွေးပေါ်မူတည်ပြီး ကွဲပြားသလိုအကြမ်းစ တွေကတော့ တစ်ပိဿာကျပ် ၁၂၀၀ မှ ၁၃၀၀ ဈေး ပေါက်နေ ပြီးအချောစတွေ ကတော့ တစ်ပိဿာကျပ်၂၀၀၀ဈေးရှိတယ် လို့ဟိုပုံးနနွင်းပွဲရုံတွေထံမှ သိရပါတယ်။
 ဧဧခိုင်၊ တောင်ကြီး