မူဆယ်မှ ဝဥစို ပိုမိုတင်ပို့

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်  ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက် သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ  ၀၁၀ သန်းတန်ဖိုးရှိ ဝဥ (စို) ၄၂ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၄၄ တန်ကျော်ကို တရုတ် နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ဝဥ(စို) ၁၄ တန်၊ ဝဥခြောက် ၁၃၃ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဝဥခြောက် ၈၉ တန် လျော့နည်းတင်ပို့ခဲ့ပေမယ့် ဝဥ(စို) ၂၈ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ဝဥကို ပူပြင်းခြောက်သွေ့တဲ့ ဒေသများမှလွဲပြီး စိုက်ပျိုးအောင်မြင် ကြောင်း၊ ဝဥပင်မှာ လူတစ်ရပ်ခန့်ရှိပြီး ပန်းရောင်၊ အဖြူရောင်နဲ့ အဝါ ရောင် သုံးမျိုးရှိပေမယ့် ပန်းရောင်ကတော့ ပြည်ပဈေးကွက်အကောင်းဆုံး ဖြစ်ကြောင်း သိရပါတယ်။                          
    မော်မော်အောင်