ပြည်ပဲနီပြား ယခင်နှစ်ဈေးနှင့် ကွာခြားမှုမရှိဘဲ ပုံမှန်ရောင်းဝယ်မှုဖြစ်

ပြည်ပဲဈေးကွက်ရဲ့ မိုးရာသီကာလအတွင်း လက်လီအရောင်းအဝယ်ဖြစ်မှု များတဲ့ ပဲသီးနံှထဲမှာ ပဲနီပြားသီးနှံလည်း ပါဝင်နေခဲ့ပြီး နေ့စဉ်အိတ် အနည်းငယ် ရောင်းချခဲ့ရကြောင်း သိရပါ တယ်။ ယခင်နှစ်က အခြား လက်လီပဲများဖြစ်သော ပဲလွန်းဖြူ၊ ထောပတ်ပဲစသည့် သီးနှံများ ဈေးအေးခဲ့ပေမယ့် ပဲနီပြားသီးနှံကတော့ တစ်တင်းကျပ် ၂၅၅၀၀ ဖြင့် ဈေးကောင်းရခဲ့သလို ယခုနှစ်မှာလည်း ဈေးမကျဘဲ တစ်တင်းကျပ် ၂၆၀၀၀ ဖြင့် ယခင်နှစ်ဈေးနှင့် ကွာခြားမှု မဖြစ်ဘဲ အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။  ယခုနှစ်အတွင်း ထောပတ်ပဲသီးနှံဟာ ယခင်နှစ် ရဲ့ဈေးထက် ထက်ဝက်ကျော်မြင့်လာခဲ့တဲ့အတွက် ပဲနီပြားသီးနှံဟာ ယခုနှစ်မှာတော့ ထောပတ်ပဲ သီးနှံထက် ဈေးလျော့နည်းကာ  ရောင်းဝယ်ခဲ့ကြရတယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း